
"Reciprocating type Refrigeration Compressor ရဲ့ High Suction Pressure" (တနေ့က၊ fleet ထဲက သဘော်တစီးက၊ accommodation air cond' system မှ၊ evaporator coil ပေါက်တယ်လို့၊ အကြောင်း ကြားလာပါတယ်။ တဆက်တည်းမှာ၊ compressor ရဲ့၊ suction pressure ဘယ်လောက် ရှိ လည်းလို့၊ မေးကြည့်တဲ့အခါ၊ 8. 2 Bar ရယ်လို့၊ ဆိုလာသမို့၊ Compressor ကို၊ သတိထားမိတဲ့အတွက်၊ ဒီ post လေးကို၊ ရေးဖြစ်ပါတော့တယ်။) သဘော်တွေရဲ့ refrigeration compressors တွေဟာ၊ running hours အလိုက်၊ ပုံမှန် regular maintenance ဆောင်ရွက်ပေးဖို့၊ လိုအပ်တဲ့ auxiliary machinery တွေ ဖြစ်သလို၊ safety management manual (SMM) ရဲ့၊ Shipboard Maintenance ခေါင်းစဉ် အောက်မှာလည်း၊ ရေးသား ထည့်သွင်းလေ့၊ ရှိကြပါတယ်။ အချို့ကလည်း၊ ပုံမှန် အခြေအနေအတိုင်း၊ ကောင်းနေတဲ့ အတွက်၊ periodic maintenance ဆောင်ရွက်မှု၊ မပြုတော့ ပဲ၊ 'ပျက်' မှသာ အလုံးလိုက်၊ အသစ်လဲကြပါတယ်။ refrigeration system မှ၊ compressor ရဲ့ အလုပ်က၊ evaporator ထဲက၊ cool refrigerant gas တွေကို၊ pump အနေနဲ့ 'စုတ်ယူ' ပြီး၊ condenser သို့၊ 'တွန်းပို့' ပေးဖို...